System

စာစုစမ်းသပ်ခြင်း။

စာရေးသူအမှာစာ

ကျွန်မနာမည် မအေးအေးဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာကနေစပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ဂျပန်စာအထူးပြုနဲ့ ၅ နှစ်တာလေ့လာခဲ့ပါတယ်။ ကျွန်မတို့ ကျောင်းသူဘဝမှာတော့ ကျောင်းသုံးဖတ်စာအုပ်ကိုသာ အဓိက လေ့လာခဲ့ရပြီး JLPT ဖြေဖို့အတွက် ကိုးကားစာအုပ်တွေ အင်မတန် နည်းပါးခဲ့ပါတယ်။ ဘာသာပြန်စာအုပ်တွေဆိုလျှင်လည်း လက်ချိုးရေလိုရခဲ့ပါတယ်။ ဂျပန်ဘာသာ လေ့လာသူတွေ များပြားလာတဲ့ ယခုလိုအချိန်မှာတော့ ကိုးကားလို့ ရနိုင်တဲ့စာအုပ်တွေ အများအပြားရှိလာတာကတော့ လေ့လာသူတွေအတွက် အင်မတန်အဆင်ပြေပါတယ်။ ဘာသာစကား တစ်ခုက Level အမြင့်ရောက်လာလေ အသုံးအနှုန်းတွေ ပိုမိုကျယ်ပြန်လာတာတွေ ခက်ခဲနက်နဲ့ လာတာတွေကြောင့် ဘာသာပြန်မရှိတဲ့အခါ အခက်အခဲကြုံတွေ့ရပါတယ်။

ကိုယ်တိုင်ရှာဖွေမှတ်သားဖို့အချိန်မပေးနိုင်တဲ့သူတွေ အချိန်တိုတို အတွင်းမှာ သက်ဆိုင်ရာ Level တွေ ဖြေဆိုအောင်မြင်နိုင်စေဖို့က မြန်မာဘာသာပြန်စာအုပ်က အဓိကအရေးကြီးတဲ့အခန်းကဏ္ဍ မှာပါဝင်နေတာကြောင့် ယခုအခါမှာတော့ အဆင်မြင့် N2 အခြေခံဖြစ်တဲ့စကားလုံးတွေကို ကိုယ်တိုင်စုံစည်းပြီး မြန်မာဘာသာပြန်ရေးသားထုတ်ဝေ လိုက်ပါတယ်။ ကျောင်းသားတွေ လေ့ကျင့်သင်ကြားပေးရင်း တွေခဲ့တဲ့ စကားလုံးတေ စာမေးပွဲမှာမေးလေ့ရှိတဲ့စကားလုံးတွေ ကိုပါ ထည့်သွင်းပေးလိုက်ပါတယ်။

 

Hello

Leave a Reply

Your email address will not be published. Required fields are marked *