System

To Be A Good Developer (Part-2)

To Be A Good Developer (Part-2)
အားလုံး မင်္ဂလာပါရှင့်။
ကျွန်မကတော့ Spiceworks Myanmar က မခင်ပွင့်ဖြူခိုင် ဖြစ်ပါတယ်။ ပြီးခဲ့သောအပတ်ကတော့ Developer ကောင်းတစ်ယောက်ဖြစ်ဖို့ ရှိသင့်တဲ့ အကြောင်းအချက်လေးတွေကို အပိုင်း ၁ အနေဖြင့် ဝေမျှပေးခဲ့ပါတယ်နော်။ ဖတ်ရှုပြီးခဲ့သော ပရိသတ်များအတွက်ရော၊ မဖတ်ရသေးသော ပရိသတ်တွေအတွက်ကော ထိုအပိုင်း ၁ လေးကိုနှိပ်၍ ဖတ်ရှုနိုင်ပါတယ်။ ယခုတစ်ပတ်မှာတော့ Developer ကောင်းတစ်ယောက်မှာ ဘာတွေလိုအပ်လဲ၊ ရှောင်ရမည့် အကျင့်တွေက ဘာတွေလဲဆိုတာကို ထပ်မံ မျှဝေပေးချင်ပါတယ်။

ဦးစွာပထမ ဘာတွေလုပ်သင့်လဲ ဆိုတာကို ပြောပြပေးပါမယ်နော်။

(၁) Study Code & Practice
Developer တစ်ယောက်ဆိုရင် Code ဆိုတဲ့စကားလုံးနဲ့ မစိမ်းပါဘူးနော်။ အသုံးပြုတဲ့ Language အလိုက်ပုံစံလေးတွေပဲ ကွဲပြားခြားနားပါတယ်။ သီအိုရီ သဘောတရားချင်းတွေက တူညီကြပါတယ်။ Code တွေကို များများလေ့လာဖို့လိုပါတယ်။ အခြေခံ စလေ့လာခါစမှာတော့ ဒီ Code က ဘာအတွက်၊ ဒါကတော့ ဟိုဟာအတွက်ဆိုပြီး လေ့လာမှတ်သားရပါတယ်။ နောက်ပြီး လေ့ကျင့်ရပါတယ်။ လေ့ကျင့်ပါများလာတော့ ပိုမိုနားလည်လာပြီး အတွေ့အကြုံတွေပါ ရလာမှာဖြစ်ပါတယ်။ အခုခေတ်မှာဆိုရင် တော်တော်လေး ကံကောင်းပါတယ်။ တကယ်လို့ ကိုယ်ရေးလိုက်တဲ့ Code က မှားနေတယ်ဆိုရင် Google ပေါ်တက်ပြီး အမှန်ကို ရှာဖွေ လေ့လာနိုင်ပါတယ်။

(၂) Documentation
မိမိတို့အလုပ်မှာဆိုရင်လည်း Documentation တွေရေးဖို့ လိုအပ်ပါတယ်။ ဘာလို့ဆို အဓိကတော့ မှတ်တမ်းပေါ့နော်။ မိမိက အဲ့ဒီအလုပ်တွေကို မှတ်တမ်းသာ မထားဘူးဆိုရင် နောက်ထပ် တစ်ယောက်ကို လွှဲပြောင်းပေးတဲ့အခါ အခက်အခဲတွေ့စေနိုင်ပါတယ်။ တိတိကျကျ အချက်အလက်တွေကို မလုပ်ထားဘူးဆိုရင် Project တွေမှာ မတိကျ၊ မရေရာသော လုပ်ဆောင်ချက်တွေနဲ့ ဖြစ်လာလိမ့်မယ်။ မှတ်တမ်းသာ ရှိနေမယ်ဆိုရင် Project ပြန်လည်ပြင်ဆင်တဲ့အပိုင်းမှာလည်း မြန်ဆန်ပါလိမ့်မယ်။ Client တွေကို Project နဲ့ ပတ်သက်ပြီး ပြောဆိုရာမှာလည်း လွယ်ကူရှင်းလင်းစွာ ပြောဆိုနိုင်ပါလိမ့်မယ်။

(၃) Start Standard Code
Code တွေကို စတင်လေ့လာတဲ့အခါမှာ ဘယ်လိုရေးရမလဲ၊ ဘာအတွက်သုံးတာလဲ စသဖြင့် အရင်လေ့လာကြပါတယ်။ ရေးပုံရေးနည်းတွေကိုလည်း လေ့လာမှတ်သားရပါတယ်။ တဖြည်းဖြည်း လေ့လာရင်းနဲ့ တခြားလူတွေရဲ့ Idea တွေနဲ့ ရေးထားတဲ့ Code အသစ်အဆန်းများကိုလည်း တွေ့လာရပါတယ်။ သူတို့ စဉ်းစားပုံ၊ စဉ်းစားနည်းတွေကိုလည်း တွေ့မြင်ရပါတယ်။ မိမိကိုယ်တိုင်လည်း Code ရေးသောအခါ ပြီးစလွယ်မရေးဘဲ စနစ်တကျ ရေးသင့်ပါတယ်။ မိမိက Code ကို Standard ကျကျ ရေးထားရင် မိမိကိုယ်တိုင် ပြန်လည်သုံးသပ်မယ်ဆိုရင်လည်း စိတ်ကျေနပ်စရာ ရမှာအမှန်ပဲ ဖြစ်ပါတယ်။ တခြားသူက ကိုယ့် Code ကို လေ့လာသောအခါ သေသေချာချာ ရှင်းရှင်းလင်းလင်းနဲ့ လေ့လာလို့လည်းရသလို၊ နားလည်ရလွယ်ကူမှာလည်း ဖြစ်ပါတယ်။ Comment တွေ ရေးသင့်တဲ့နေရာမှာ ရေးထားတော့ တခြားသူက ကိုယ့် Code ကို ပြန်ပြင်ဆင်မယ်ဆိုရင် အချိန်တွေမြန်ဆန်လာမှာ ဖြစ်ပါတယ်။

ကုမ္ပဏီတစ်ခုနဲ့တစ်ခုကလည်း Code Standard ထားပုံချင်း မတူညီကြတာတွေလည်း ရှိပါတယ်။ မိမိဝင်ရောက်လုပ်ကိုင်မည့် ကုမ္ပဏီရဲ့ Standard Code က ဘယ်လိုဆိုတာကို အရင် လေ့လာကြည့်ပါ။ Standard Code က IT ကုမ္ပဏီတွေအတွက် လိုအပ်ပါတယ်။ ဝန်ထမ်းတစ်ယောက်က သူ့စိတ်ကြိုက် ကြိုက်သလိုရေးတယ်။ နောက်တစ်ယောက်က တစ်မျိုးရေးတယ်။ အဲ့တော့ Code က Standard မကျတော့ဘူး။ အဲ့ဒါကတော့ သိပ်တော့ အဆင်မပြေလှပါဘူး။ ထို့အတွက်ကြောင့် IT ကုမ္ပဏီတိုင်းမှာ Standard Code ကို ချမှတ်သင့်တယ်လို့ ကျွန်မအနေနဲ့တော့ ထင်မြင်မိပါတယ်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *