testing 001
ဒီတစ်ပတ်မှာတော့ “CSS Architecture” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လေ့လာမိသလောက်လေးတွေကို မျှဝေပေးသွားပါမယ်။ CSS Architecture သို့မဟုတ် CSS design method ဆိုတာ CSS code တွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်မှုနှင့် code ရေးရာမှာ ပိုမိုပြီး မြန်ဆန်စေရန် HTML tag တွေကို class, id အမည်များ၏ သတ်မှတ်ပုံများကို ရည်ညွှန်းပါတယ်။ ၎င်းကို တစ်နည်းအားဖြင့်လည်း CSS convention လို့လည်း သုံးနှုန်းကြပါတယ်။ အောက်ပါ blog လေးမှာ အသေးစိတ်ဖတ်ကြည့်ကြရအောင်နော် https://spiceworksmyanmar.com/blog/css-architecture/
Happy New Year!!
အားလုံးပဲ မင်္ဂလာပါ။ အခုဆိုရင် နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလလည်း ဖြစ်တဲ့အတွက် ဒီတစ်နှစ်အတွင်းမှာ ကိုယ်ဘာတွေပြောင်းလဲခဲ့လဲဆိုတာကို ပြန်လည်သုံးသပ်ကြည့်ကြပါမယ်။ ပုံမှန်အတိုင်းကြည့်လိုက်မယ်ဆိုရင် အချိန်ကုန်တာ အရမ်းမြန်လွန်းတယ်လို့ ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။ 2021 တုန်းကလည်း ဒီတိုင်းပဲ၊ 2022 ကျပြန်တော့လည်း ဒီတိုင်းပဲ ပြီးသွားတော့မယ်ဆိုပြီး ကိုယ့်ကိုယ်ကို အားမရကြဘူး ဖြစ်နေပါလိမ့်မယ်။ တကယ်တမ်း ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင် ကောင်းတဲ့အချက်လေးတွေကိုလည်း လုပ်ခဲ့မိတာတွေ ရှိမှာပါ။ အဲ့ဒီအတွက် 2023 မရောက်ခင် ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ဖို့ မေးခွန်းလေးတွေ ပြင်ဆင်ထားပါတယ်။ တစ်ခုချင်းစီကို ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း ဖြေဆိုကြည့်ပါ။ ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းက လူတစ်ယောက်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို နားလည်သဘောပေါက်စေပါတယ်။ အကယ်၍ ကိုယ်က 2022 မှာ အမှားတွေ လုပ်ခဲ့မိတယ်ဆိုရင်လည်း 2023 မှာ တူညီတဲ့အမှားမျိုး ထပ်မလုပ်မိဖို့ အစီစဉ်တွေချပြီး ကြိုးစားကြည့်ပါရှင့်။
မင်္ဂလာပါရှင့်။ ဒီတစ်ပတ်မှာတော့ အလုပ်သမားများ၊ အလုပ်ရှင်များ မသိမဖြစ်သိထားသင့်တဲ့ ခွင့်ရက်၊ အလုပ်ပိတ်ရက် ဥပဒေအရ သတ်မှတ်ပြဌာန်းထားသော ခွင့်ရက်၊ အလုပ်ပိတ်ရက် အမျိုးအစားများနှင့် ခွင့်ရက် ခံစားခွင့်များ ခွဲခြားသတ်မှတ်ပုံများကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
Imporatant Notice
Due to COVID19, Spiceworks Myanmar team has been working remotely so far.
If you have information, please contact us!
Stay home, Stay safe!!!